နေပြည်တော် စက်တင်ဘာ
၂
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေ စီနိုင်ငံဖြစ်စေရေးအတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်ကာ ကြိုးပမ်းဖော်ဆောင်လျက် ရှိသည်။ ယင်းဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာ ကြသည့် နိုင်ငံခြားသားများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်၏ လက်ရှိဖွံ့ဖြိုးတိုးတက်နေ သော အခြေအနေနှင့် ခရီးသွား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ ခရီးသွားဗီဇာ (Tourist Visa) ဖြင့် လာရောက်မည့် ကမ္ဘာ လှည့် ခရီးသွားများအား မြန်မာနိုင်ငံ အတွင်းသို့ အဆင်ပြေလွယ်ကူစွာ လာရောက်လည်ပတ် သွားလာနိုင်စေ ရေးအတွက် ယခုနှစ်စက်တင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ e-Visa စနစ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် e-Visa စနစ် တရားဝင်စတင်ခွင့်ပြုသည့် ဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ပါ့ခ်ရွိုင်ရယ်ဟိုတယ် ၌ ကျင်းပခဲ့ပြီး အဆိုပါ ဖွင့်ပွဲအပြီး မြန်မာနိုင်ငံသို့ e-Visa ဖြင့် ပထမ ဦးဆုံး ဝင်ရောက်လာသည့် နိုင်ငံခြားသားမှာ စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ဆိုက်ရောက်လာသည့် ခရီးစဉ် အမှတ် FD-2531 Air Asia လေကြောင်းလိုင်းဖြင့် လိုက်ပါလာ သော ဂျပန်နိုင်ငံသား Mr.Takahiro Ikeda ဖြစ်သည်။ မြန်မာနိုင်ငံသို့ e-Visa ဖြင့် ပထမဦးဆုံး ဝင်ရောက်လာသည့် ဂျပန်နိုင်ငံသား Mr.Takahiro Ikeda အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တာဝန်ရှိ သူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ် ဆက်ပြီး e-Visa ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ e-Visa စနစ် စတင်ခွင့်ပြုသည့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပုဂံ ယဉ်ကျေးမှုနယ်မြေ ကျောက်စီပန်းချီ ကားကို ပြည်ထောင်စုဝန်ကြီးက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေး အပ်ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ အဆိုပါ ဂျပန်နိုင်ငံသား Mr.Takahiro Ikeda သည် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ်လာရောက်ခြင်း ဖြစ်ပြီး e-Visa စနစ် စတင်ခွင့်ပြု သည့်ဖွင့်ပွဲအပြီး ပထမဦးဆုံး ဝင် ရောက်လာသူ ဖြစ်သည်။ ၎င်းသည်ပုဂံဒေသသို့ လည်ပတ်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခု e-Visa ဖွင့် ပွဲအထိမ်းအမှတ် ပုဂံယဉ်ကျေးမှု နယ် မြေ ကျောက်စီပန်းချီကားကို အမှတ် တရလက်ဆောင် ရရှိခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၎င်း အနေဖြင့် မြန်မာနိုင်ငံသို့ e-Visa ဖြင့် လျှောက်ထား ဝင်ရောက်နိုင်ကြောင်း ကို အင်တာနက်တွင် တွေ့ရှိ၍လျှောက်ထားခဲ့ပြီး လျှောက်ထားရာ တွင် လုံးဝအခက်အခဲမရှိ၊ အဆင် ပြေပါကြောင်း၊ e-Visa ဖြင့် မည်သည့် နိုင်ငံမျှ သွားရောက်ခဲ့ဖူးခြင်းမရှိသေး ပါကြောင်းနှင့် ယခုကဲ့သို့ နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်းဖြင့်ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အဆိုပါ ဂျပန်နိုင်ငံသားအား ပုဂံခရီးစဉ် အတွက် လေယာဉ်လက်မှတ်ကိုအခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment