ဖရန့်ဖတ် စက်တင်ဘာ
၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင် ဘာ ၁ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ထွက်ခွာလာရာ
ဒေသစံတော်ချိန် ည ၉ နာရီခွဲတွင်စင်ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ရောက်ရှိကြပြီး စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စင်ကာပူ
နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို
နှုတ်ဆက်ကြသည်။
ထို့နောက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၅
မိနစ်တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာရာ စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန်
နံနက် ၆ နာရီခွဲတွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့အား
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး၊ H.E .Mr. Christian -Ludwing
Weber-Lortsch ၊ ဂျာမနီနိုင်ငံသံတမန်ရေးရာဌာနမှMr. Volker Timmermann ၊ ဂျာမနီနိုင်ငံ
ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးနွယ်နှင့်တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့်
Frankfurter Hof ဟိုတယ်သို့ ရောက်ရှိ ခဲ့ကြသည်။
.jpg)
No comments:
Post a Comment