ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတဓာတ်အားခွဲရုံ၏ ၆၆ KV သာကေတ-ကျိုက္ကဆံ ဓာတ်အားလိုင်းအား ၄-၉-၂၀၁၄ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဓာတ်အားပိတ်၍ တာမွေမြို့နယ်မာန်အောင်ရပ်ကွက် မြင်းပြိုင်ကွင်းလမ်းရှိ ကညနခြံဝင်းနှင့် အမှတ်(၁၉၂) ကြားရှိ ညောင်ပင်သည် အန္တရာယ်ရှိသည့်အခြေအနေတွင် ရှိနေပါသဖြင့် သစ်ပင်သစ်ကိုင်း များခုတ်ရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ ယင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ၆၆ KV သာကေတ-
ကျိုက္ကဆံ ဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးထားသော သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် နှင့် ဗဟန်းမြို့နယ်များတွင် ၄-၉-၂၀၁၄ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ သုံးနာရီကြာ ဓာတ်အားပြတ် တောက်မှု များရှိမည်ဖြစ်ပါသည်။ ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်သူ များမှ လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့်လွှတ် နိုင်ပါရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူ တို့ အသိပေးပန်ကြား အပ်ပါသည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
No comments:
Post a Comment