Thursday, September 4, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Deutsche Bank နှင့် German Asia Pacific Business Organization (OAV) ဥက္ကဋ္ဌနှင့် အဖွဲ့တို့ တွေ့ဆုံ


ဖရန့််ဖတ်  စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် Deutsche Bank နှင့် German Asia Pacific Business Organization (OAV) ဥက္ကဋ္ဌ နှင့်အဖွဲ့သည် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ တွင် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ရှိ Deutsche Bank ရုံး ၌ တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံတွင် တည်ငြိမ် အေးချမ်းရေး နှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ဆိုသည့် ပြည်သူ့ဆန္ဒ နှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေမှု အခြေအနေနှင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ဂျာမနီ လုပ်ငန်းရှင်များက ပါဝင်ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများ၊ စားသောက်ကုန် ထုတ်လုပ်ရေး၊ မွေးမြူရေးနှင့် သားငါး ကဏ္ဍ၊ ခရီးသွား လုပ်ငန်း၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သစ်တော ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ရေှးင့် အသက်မွေးပညာ လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဂျာမန် လုပ်ငန်းရှင်များက  ငွေကြေးကဏ္ဍ၊ ဟိုတယ်လုပ်ငန်း၊ လေကြောင်း ဆက်သွယ်ရေး ကဏ္ဍ၊ ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက်ရေးတို့နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဂျာမနီနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား Deutsche Bank နှင့် German Asia Pacific Business Organization (OAV) ဥက္ကဋ္ဌ က နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

No comments:

Post a Comment