Thursday, September 4, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိ


ဘာလင်  စက်တင်ဘာ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အဖွဲ့ဝင်များနှင့်အတူ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ ဘာလင်မြို့သို့ အမြန်ရထား ICE Train 278 ဖြင့် စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၃ မိနစ်တွင် ထွက်ခွာသည်။



ယင်းသို့ ထွက်ခွာစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား အာရှ- ပစိဖိတ်- အမေရိက ဒေသတာဝန်ခံ DB BAHN မှ အမှုဆောင် ဒါရိုက်တာ Mr. Simon Giovanazzi က ဂျာမနီနိုင်ငံ၏ ရထား ပို့ဆောင်ရေး စနစ်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ တွင် ဘာလင် ဘူတာသို့ ရောက်ရှိကြရာ ဂျာမနီနိုင်ငံ သံတမန်ရေးရာ ဌာနအကြီးအကဲနှင့် တာဝန်ရှိသူများက ဘူတာ၌ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် Intercontinental ဟိုတယ်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ အာဆီယံနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးမိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

No comments:

Post a Comment