ထားဝယ် စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက် (ဝ၈၀ဝ)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်မြို့၊
ရှင်မုတ္ထီးကျေးရွာ၊ ရှင်မုတ္ထီးဘုရားကြီး ဓမ္မာရုံတွင် ဒေသခံပြည်သူ(၁၀ဝ)ဦးခန့်နှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ရေရရှိရေးနှင့်ပတ်သက်၍
လည်းကောင်း၊ လမ်းတံတား လုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကျေးလက်မီးလင်းရေးနှင့် ပတ်သက်၍
လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ရပ်မိရပ်ဖများ၊ ကျေးရွာ အထောက်အကူပြု အဖွဲ့များ ၊ ဒေသခံ
ပြည်သူများက ဒေသ၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
ဦးမြတ်ကိုက ၎င်းတို့၏ တင်ပြချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များက
ရောင်းမော်ကျေးရွာ ကျွဲထရံတောင် ကျောင်း စိတ္တဝိသုဒ္စိဓမ္မာရုံ တွင်ဒေသခံပြည်သူ (၁၅၀)ဦးခန့်နှင့်
တွေ့ဆုံ၍ ဒေသ၏လိုအပ်ချက် များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး
ကျောင်းသုံး ဗလာစာအုပ် ဒါဇင်(၁၀ဝ)အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment