Tuesday, September 30, 2014

ပျောက်ဆုံးသူနှစ်ဦးအား ဝေဟင်မှရှာဖွေသည့် ရဟတ်ယာဉ် ဆက်သွယ်မှု ပြတ်တောက်

ပူတာအို စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးသူ (၂) ဦးအား ဝေဟင်မှရှာဖွေနေသည့် ထိုင်းနိုင်ငံသား Mr.Chat Chawl Than Thong နှင့် ကပ္ပတိန်အောင်မြတ်တိုး တို့မောင်းနှင်၍ ထူးကုမ္ပဏီဝန်ထမ်း ဦးရွှေရင်တော်လိုက်ပါသည့် ရဟတ်ယာဉ်သည် ပူတာအိုမြို့မှ ဒဟွန်ဒမ်းသို့ စက်တင်ဘာ (၂၇) ရက် မွန်းလွဲ (၂) နာရီ (၁၅) မိနစ်ခန့်တွင် ပူတာအိုလေဆိပ်မှ ထွက်ခွာသွားရာတွင် ဆက်သွယ်မှု ပြတ်တောက်၍ ပျောက်ဆုံးနေကြောင်း သိရသည်။


အဆိုပါပျောက်ဆုံးနေမှုကို စက်တင်ဘာ (၂၈) ရက်တွင် နယ်မြေခံတပ်ရင်းမှ မချမ်းဘော-နောင်မွန်တစ်လျောက် မြေပြင်မှလည်းကောင်း၊ နောင်မွန်မြို့မှ ရဲစခန်းမှူး ရဲအုပ်အောင်ကျော်မိုး ဦးစီးသည့် တပ်ဖွဲ့ဝင် (၆) ဦးတို့သည် မချမ်းဘော-နောင်မွန် တစ်လျှောက်ခြေလျင် ခရီးဖြင့်လည်းကောင်း ရှာဖွေလျက်ရှိသည့်အပြင် ပူတာအိုလေဆိပ်တွင် ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ် (၂) စီးသည် ရာသီဥတုအခြေအနေ ကောင်းမွန်လာပါက ဝေဟင်မှရှာဖွေသွားမည် ဖြစ်ကြောင်း၊ လေဆိပ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူးတို့ကလည်း ဦးစီး၍ကြီးကြပ် စီမံခန့်ခွဲရေး ကော်မတီရုံး ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိသည်။

No comments:

Post a Comment