Tuesday, September 30, 2014

နိုင်ငံသားကတ် နေ့ချင်းရ၍ ဒေသခံပြည်သူတို့ပျော်



မိုင်းခုတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့နယ်ခွဲ၊ မိုင်းလုံးကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးမြင့်ဆွေနှင့် ၀န်ထမ်းများက မိုးပွင့်အဆင့်(၆) အရ ဖြေလျော့နည်းဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်း

လုပ်ငန်းကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက မိုင်းလုံးကျေးရွာ မူလတန်းကျောင်း၌ ကျင်းပရာ အသက် ၁၀ နှစ်ပြည့်သူ၊ အသက် ၁၈ နှစ်ပြည့်သူနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသွားသူ ၃၁ ဦးတို့အား အခမဲ့နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူများ၏ ဓာတ်ပုံရိုက်ကူးခ၊ မိတ္တူကူးခ၊ နိုင်ငံသားခနှင့် ပလပ်စတစ်လောင်းခ ကုန်ကျငွေများကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းက လှူဒါန်းပေးပြီး ယခုကဲ့သို့သွားလာရန် အခက်အခဲရှိသည့် ဒေသများသို့ ကွင်းဆင်း၍ နိုင်ငံသား ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးသည့် အတွက် ဒေသခံတစ်ဦးအနေဖြင့် အလွန်ပင် ၀မ်းမြောက်မိပါကြောင်းနှင့် နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment