Tuesday, September 30, 2014

နောင်ကုလားရွာကြီး ဘုရားလေးလမ်း ဒေသခံများ စုပေါင်းကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ခင်း



သထုံ  စက်တင်ဘာ  ၂၉
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ ရွာကြီးနှင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမအား ဆက်သွယ်ထား သည့် နောင်ကုလားရွာကြီး ဘုရားလေးလမ်းအား ကျေးရွာနေပြည်သူများ စုပေါင်းကာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက် ရှိကြောင်း သိရသည်။




“အခုဆို ပွင့်လင်းရာသီ ရောက်တော့မယ်။ ရွာမှာဘုရားပွဲတွေ ဘာသာရေး ပွဲလမ်းသဘင်တွေ ကျင်းပရတော့ မယ်ဆိုတော့ ရွာမျက်နှာလှအောင် အားလုံးက ဆန္ဒရှိတာနဲ့ ဒီလမ်းကို စုပေါင်းပြုပြင်ကြတာပါ” ဟု လမ်းဖြစ်မြောက် ရေးဦးဆောင်သူ ဦးအောင်စိုးပိုင်က ပြောသည်။
အဆိုပါလမ်းမှာ အကျယ် ၁၄ ပေ နှင့် အရှည် ပေ ၆၀၀ ကျော်ရှိပြီး အများပြည်သူတို့က ငွေသိန်း ၆၀ ကျော် နှင့် လုပ်အား ဒါနတို့ကို စုပေါင်းလှူဒါန်းကာ စက်တင်ဘာလ ၂၃ ရက်နေ့က စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment