လွိုင်ကော် စက်တင်ဘာ ၁၀
စက်တင်ဘာလ ၇ ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော် မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး
ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှထွန်း ဦးဆောင်သောအဖွဲ့ တို့က မူးယစ်ဆေးဝါးသတင်းအရ လွိုင်ကော်မြို့နယ်၊
နာနတ်တောရပ်နေ မောင်လော၏ နေအိမ်အား သွားရောက်ရှာဖွေရာ မောလောနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန်
ရောက်ရှိနေသည့် အောင်ကျော်တို့ကို နေအိမ် အိပ် ခန်းအတွင်းတွင်တွေ့ရှိရသည်။
ထို့နောက်ဆက်လက်ရှာဖွေရာတွင် စားပွဲတင်ပန်ကာ ကိုယ်ထည်အတွင်း သိုဝှက်ထားသည့် အပြာရောင်
အိပ်ငယ် (၂၃)အိပ် အားတွေ့ရှိပြီး၊ အိပ်ငယ်(၁)အိပ်လျှင်
စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀) ပါရှိသည် စုစုပေါင်းဆေးပြား (၄၆၀၀) ပြားနှင့်အတူ တူမီးသေနပ်
(၁) လက်၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်(၁) စီးကို
လက်ဝယ်တွေ့ရှိရသဖြင့် မောင်လာနှင့် အောင်ကျော်တို့(၂)ဦးအား ဆေးဝါးများဆိုင်ရာ ဥပဒေများ
အရဆက်လက် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment