သံဖြူဇရပ် စက်တင်ဘာ ၆
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
သံဖြူဇရပ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ
စုစုပေါင်းအင်အား(၃၃)ဦးတို့သည်
ပြည်သူ အကျိုးပြုလုပ်ငန်း အဖြစ် စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၇)နာရီအချိန်က သံဖြူဇရပ်မြို့နယ်၊
ပြည်သူ့ ဆေးရုံဝင်းအတွင်း၌ ခြုံနွယ်၊ မြက်၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ခြင်းနှင့်
ပတ်ဝန်း ကျင်သန့်ရှင်းရေးတို့ကို စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment