ရန်ကုန်-စက်တင်ဘာ
၇
၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား
တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင်
မင်္ဂလာတောင်ညွှန့် မြို့နယ် အောင်ဆန်းကွင်း မိုးလုံလေလုံ အားကစားခန်းမ၌
ကျင်းပရာ ရှေးဦးစွာ
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင် နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင် တို့က
မြန်မာ့ရိုး ရာစစ်တုရင် အလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲနှင့် အပြည်ပြည် ဆိုင်ရာ စစ်တုရင်
လူငယ်တစ်ဦးချင်းပြိုင်ပွဲ တို့တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဆုတံ ဆိပ်နှင့်
ဂုဏ်ပြုဆုငွေများချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက အပြည်ပြည်ဆိုင်ရာ
စစ်တုရင် အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိ သူများ၊ မြန်မာ့ရိုးရာ စစ်တုရင်အလွတ်တန်းအသင်းအလိုက်
ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်အသင်း လိုက် ပြိုင်ပွဲတွင်ဆုရရှိသူများနှင့်
အပြည်ပြည်ဆိုင်ရာစစ်တုရင်အလွတ်တန်း အသင်း လိုက် ပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုတံဆိပ်များနှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက
တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဒိုင်းနှင့်
တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
ညနေ(၃)နာရီတွင် ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ
ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည့် လမ်းမတော်မြို့နယ်
အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည့် အသက်(၁၈)နှစ် အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ
ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် တိုင်းဒေသကြီးကြက်တောင်
ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းပိုင်းမုန့်တို့က အသက်(၁၈) နှစ်အောက် (အမျိုးသမီး) တစ်ဦးချင်းပြိုင်ပွဲနှင့်
အသက်(၁၈)နှစ်အောက်(အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား
ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများက အသက်(၁၈)နှစ်အောက်
(အမျိုးသား)နှစ်ယောက် တွဲပြိုင်ပွဲတွင် ဆုရရှိသူများ၊ အသက်(၁၈)နှစ်အထက်(အမျိုးသမီး)
တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများ၊ အသက်(၁၈)နှစ် အထက် (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင်
ဆုရရှိသူများနှင့် အသက်(၁၈)နှစ်အထက် (အမျိုးသမီး) နှစ်ယောက် တွဲပြိုင်ပွဲတွင် ဆုရရှိသူများအား
ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက
အသက်(၁၈)နှစ်အထက်(အမျိုးသား) နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမား များအား
ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်သည်။
No comments:
Post a Comment