နေပြည်တော် ၊ စက်တင်ဘာ ၈
နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ
အခမ်းအနားတွင် ရှေးဦးစွာ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု မှတ်တမ်း ဗီဒီယိုကို
ပြသပြီး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အဖွင့်အမှာစကား
ပြောကြားသည်။ ထို့နောက် UNESCO မှ ဌာနေကိုယ်စားလှယ် Mr.Sardar Umar Alam က UNESCO ညွှန်ကြားရေးမှူးချုပ်၏
သဝဏ်လွှာကို ဖတ်ကြားသည်။
နေပြည်တော် ပျဉ်းမနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/
ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ဖျော်ဖြေပြီး နိုင်ငံတကာ
စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့်ပိုစတာ ပြိုင်ပွဲတို့တွင်
ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးတင်နိုင်သိန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊
ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် တို့က ဆုချီးမြှင့်ကြ၍
အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် တက်ရောက်လာကြသူများသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု
အားပေးကြ ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment