Tuesday, September 30, 2014

စည်ပင်သာယာရေးအဖွဲ့သို့ မီးသဂြိုလ်စက် တည်ဆောက်ရန်အတွက် အလှူငွေနှင့် အမှိုက်သိမ်းယာဉ်၊ မြေညှိစက် (ဘတ်ဟိုး) ကားများ ပေးအပ်လှူဒါန်း



မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ မီးသဂြိုလ်စက် တည်ဆောက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းနှင့် မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် အထောက်အကူဖြစ် အမှိုက်သိမ်းယာဉ် (၂) စီးနှင့် မြေညှိစက် (ဘတ်ဟိုး) ကား လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် မီးသဂြိုလ်စက် အလှူရှင်များကိုယ်စား စိမ်းရွှေဝါ ကျောက်မျက်ကုမ္ပဏီ၏ ဆရာဒါယိကာ တောင်တန်း သာသနာပြု ဗဟိုကျောင်း၏ ဆရာတော်အရှင်ဥဏဇက မီးသဂြိုလ်စက် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဒါယိကာ၊ ဒါယိကာမများ၏ ဆန္ဒကို ရှင်းလင်းပြောကြားပြီး မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုဖြစ်စေသည့် အမှိုက်သိမ်းယာဉ်များနှင့် မြေညှိစက် (ဘတ်ဟိုး) ကားတို့ကို မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့သို့ ပေးအပ်ခြင်း ဖြစ်ကြောင်းကို အလှူရှင် ဇီးကွက်နှစ်ကောင် ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စန္ဒာမိုးက ရှင်းလင်းပြောကြားကြရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမီထွယ်ဇော်လတ်က လှူဒါန်းပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မီးသဂြိုလ်စက် တည်ဆောက်ရေးအတွက် ငွေကျပ်သိန်း (၃၀၀) အလှူရှင် စိန်းရွှေဝါကျောက်မျက် ကုမ္ပဏီမှ ဦးစိန်ထွန်း (ခ) ဦးအိုက်ထွန်း ကိုယ်စားနှင့် တောင်တန်းသာသနာပြု ဗဟိုမှ လှူဒါန်းသည့် ငွေကျပ် (၅) သိန်းတို့ကို ဆရာတော် အရှင်ဥဏဓဇက လည်းကောင်း၊ အံတော်ရှင် နာရေးကူညီမှုအသင်းမှ ငွေကျပ် (၅၉) သိန်း၊ ခေမာသီရိ ရပ်ကွက်နေ ပြည်သူများက ငွေကျပ်သိန်း(၅၀)၊ မြစ်ကြီးနားမြို့ ဈေးသူ/ဈေးသားများက ငွေကျပ်သိန်း (၁၀)၊ သမာဓိ ငွေစုငွေချေး သမအသင်းမှ ငွေကျပ်(၅)သိန်း၊ ဟိန္ဒူနာရေးကူညီိမှုအသင်းမှ ငွေကျပ် (၆) သိန်းနှင့် ဂေါ်ရခါး ဓမ္မသာလ အသင်းမှ ငွေကျပ် (၅) သန်းတို့ကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ကလည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အတွက် လှူဒါန်းသည့် ငွေကျပ်သိန်း (၁၃၇၀) တန်ဖိုးရှိ အမှိုက်သိမ်းယာဉ်နှင့် မြေညှိစက် (ဘတ်ဟိုး) ကားတို့ အတွက် ဇီးကွက်နှစ်ကောင် ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာက ပေးအပ်ရာ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးအလေးပါး ကလည်းကောင်း လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ လွှတ်တော်ဒုတိယ ဥက္ကဌ ဦးစိုင်းမြင့်ကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် စည်ပင်သာယာရေးအဖွဲ့အတွက် ပေးအပ်ထားသည့် အမှိုက်သိမ်းယာဉ် (၂) စီးနှင့် ဘတ်ဟိုးကားတို့ကို ကြည့်ရှုစစ်ဆေးကြသည်။ 

No comments:

Post a Comment