Tuesday, September 30, 2014

ဟိုပင်၌ (၂၀) ကြိမ်မြောက် ဓမ္မဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲကျင်းပ

ဟိုပင် စက်တင်ဘာ ၂၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်၌ (၂၀) ကြိမ်မြောက် ရှမ်းမျိုးနွယ်စု လှိုင်ခမ်းထမ်းစင်္ကြာဝတ်အသင်း ၏ ဓမ္မဒေသနာတော်ရွတ်ဆို ပူဇော်ပွဲကို စက်တင်ဘာ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ တကွင်းကျေးရွာ၊ လွယ်ခမ်းကျောင်းတိုက် ကမ္ဘောဇဓမ္မာရုံ၌ ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပခဲ့ကြသည်။

အဆိုပါ  (၂၀) ကြိမ်မြောက် ဓမ္မဒေသနာရွတ်ဆိုပူဇော်ပွဲကို စက်တင်ဘာ (၂၆) ရက် နံနက် () နာရီတွင် ပြိုင်ပွဲ ကို ရတနာမာန်အောင် ကျောင်းတိုက်ဆရာတော် ဦးမဏ္ဍလစာရထံမှ ငါးပါးသီလ ဆောက်တည်ခံယူကြပြီး သြ၀ါဒတရား တော်များနာယူကာ လွယ်ခန်းကျောင်းတိုက် ဆရာတော်ဦးပညာဝံသက ပြိုင်ပွဲနှင့် စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းမိန့်ကြားသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းလောမန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ဥယျောဇဉ်ဂါထာတော်မြတ်ကို ရှမ်းဘာသာဖြင့် မိုးကောင်းနောင်ကိုင် ဆရာတော်က ရွတ်ဖတ်ပူဇော်ကာ ဆရာတော်/သံဃာတော်များထံ အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အဆိုပါ ဓမ္မဒေသနာရွတ်ဆိုပူဇော်ပွဲပြိုင်ပွဲကို ၀ိုင်းမော်၊ မိုးကောင်း၊ ဟိုပင်မြို့များနှင့် နမ္မတီးကျေးရွာတို့မှ ရှမ်း တိုင်းရင်းသား မျိုးနွယ်စုများက ၀တ်အသင်း (၁၁) သင်းဖြင့် တစ်ဖွဲ့လျင် () နာရီမိနစ် (၂၀) ဖြင့် ယမန်နေ့ကထိ () ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော် ခဲ့ကြသည်ဖြစ်ပြီး ဆုရ၀တ်အသင်းများကို ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်တွင် ဂုဏ်ပြုဆုများ ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment