နေပြည်တော်၊ စက်တင်ဘာ - ၁၁
ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား ကျောင်းစာများသာမက ပြင်ပစာပေများဖြစ်သည့်
သုတ/ ရသ စာအုပ် စာစောင်များကိုပါ လေ့လာမှတ်သားသည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့်
အထွေထွေ ဗဟုသုတများ
တိုးပွားလာစေရေးအထွက် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေး ဦးစီးဌာနမှ စာအုပ်စာစာစောင်/နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ
စက်တင်ဘာ (၁၀)ရက် နံနက်(၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင် ကျေးရွာ၊ အမှတ်(၁)
အခြေခံပညာ အလယ်တန်း ကျောင်း၌ကျင်းပသည်။
အခမ်းအနားတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး
ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သွေးလွန်တုပ်ကွေးရောဂါ
အသိပညာပေးနံရံကပ် စာစောင် နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို
ကျောင်းသား/သူများအား ရှင်းလင်း ပြသခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက ပြပွဲတွင် ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်
(၂၀၀)ကျော်နှင့် အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာ(ပုံ)ခဲ့
ကြကြောင်းသိရှိရသည်။

No comments:
Post a Comment