ဟိုပင် စက်တင်ဘာ ၂
မိုးကောင်းမြို့နယ်
မင်းကုန်းအုပ်စု ပင့်သာကျေးရွာမှ မောင်ဇော်မျိုးအောင် အသက် (၁၅) နှစ် (ဘ) ဦးမြင့်အောင်မှ
ကြာကြီးကွင်း ကျေးရွာနှင့် ငါးမိုင်ကျေးရွာကြား ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးဘေးတွင်
နှီးတောင်းထဲ ထည့်ထားသော မွေးကင်းစကလေး တစ်ဦးအား တွေ့ရှိသဖြင့် ဟိုပင်ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ပြီး အဆိုပါသမီးငယ်လေးအား
ဟိုပင် မြို့တာဝန်ခံဆရာဝန်ကြီး ဒေါက်တာသိန်းအောင်နှင့်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ကျိန်ငိုက်လျန်တို့ က မြို့မမြောက်ရပ်ကွက်
ဆန်စက် လုပ်ငန်းရှင် ဦးလှဂျာ+ဒေါ်ခေါင်နှောတို့အား အမွေစားအမွေခံသမီးအဖြစ် စက်တင်ဘာ
၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
No comments:
Post a Comment