Tuesday, September 2, 2014

မြန်မာ့ “အ”သုံးလုံးရွှေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပမည်



နေပြည်တော်  စက်တင်ဘာ 
၁၉၆၄ ခုနှစ်တွင် မိတ္ထီလာခရိုင် အရှေ့စံပြကျေးရွာမှစတင်၍ နိုင်ငံတစ်ဝန်း စေတနာ့ဝန်ထမ်း လူထုလှုပ်ရှား မှုကြီး အဖြစ် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံစာတတ်မြောက်ရေး (အ-သုံးလုံး)လုပ်ငန်း၏   နှစ်(၅၀)ပြည့် ရွှေရတု သဘင်အခမ်းအနားကို စက်တင်ဘာ(၇)ရက် နံနက်(၉)နာရီတွင် ရန်ကုန်တက္ကသိုလ်နယ်မြေ ဝိဇ္ဇာခန်းမ၌ (တက္ကသိုလ်ကျောင်း သားဟောင်းများ ဖွဲ့စည်းထားသော) စာတတ်မြောက် ရေးနှင့် ဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ဦးစီးကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် လွန်ခဲ့သောနှစ်(၅၀)အတွင်းက ဆောင်ရွက်ခဲ့သော “အ” သုံးလုံးလုပ်ငန်းမှ အထိမ်း အမှတ် ပစ္စည်းများပြသခြင်း၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၄ အ-သုံးလုံးကျောင်းသားများ၏ ပဲ့တင် သံမဂ္ဂဇင်းများနှင့်  နှစ်(၅၀)ပြည့် ရွှေရတုမဂ္ဂဇင်းထုတ်ဝေဖြန့်ချိခြင်း၊ အထိမ်းအမှတ်ပစ္စည်းများ ဖြန့်ဝေရောင်းချခြင်းနှင့် ရွှေရတုသ ဘင် မော်ကွန်းတင်စာတမ်းဖတ်ကြားခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ၁၉၆၄-၈၄ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းပေါင်းစုံမှ “အ” သုံးလုံး အဖွဲ့ဝင် ဟောင်းများ၊ ၂၀၁၃-၂၀၁၄ စာတတ်မြောက်ရေး တက္ကသိုလ်လုပ်အားပေး မျိုးဆက်သစ်အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment