နေပြည်တော် စက်တင်ဘာ ၂
၂၀၁၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်
ဆောင်းပါး၊ စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲဆုရ သူများစာရင်းကို သက်ဆိုင်ရာက ယနေ့ထုတ်ပြန်ကြေညာသည်။
အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့
စာတတ်မြောက်ရေးလှုပ်ရှားစို့ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ၁၃/ ၄၇၄ မန်းရပ်
ကန်တော်လမ်း တောင်ငူမြို့ ပဲခူးတိုင်းဒေသကြီး ဦးအောင်သန်း (အောင်ခန့်ဖြိုးဝေ-တောင်ငူ)ကလည်းကောင်း၊
ဒုတိယဆုကို အမှတ်(၁၁၄) လက်ဝဲသုန္ဒရလမ်း စိန်ထွန်းရပ် မြို့တွင်းကြီး ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး
ဦးထိန်လင်း(လင်းအရုဏ်ဦး-ပဲခူး)ကလည်းကောင်း၊ တတိယဆုကို
ဒု-ဓာတ်ခွဲမှူး ပြည်သူ့ဆေးရုံ အုတ်တွင်းမြို့
ပဲခူးတိုင်းဒေသကြီး ဦးခင်မောင်ချို(ခင်မောင်ချို-ကညွတ်ကွင်း)က လည်းကောင်း ရရှိသည်။
ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲကို
စာပေအင်အားထင်ရှားပေ၊ စာပေမြင်ကွင်း ထင်လင်းနေ ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို
မော်လမြိုင် ပညာရေးကောလိပ်မှ လုပ်ငန်းခွင် အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဒုတိယနှစ်
သင်တန်းသူ မမိုးဇာဇာကျော်က လည်းကောင်း၊ ဒုတိယဆုကို မုံရွာပညာရေးကောလိပ်မှ လုပ်ငန်းခွင်အကြို
ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်း ဒုတိယနှစ် သင်တန်းသူ မနှင်းဝတ်မှုံထွန်းကလည်းကောင်း၊ တတိယဆုကို
မန္တလေးပညာရေး ကောလိပ်မှ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း ဒုတိယနှစ်သင်တန်းသား
မောင်အောင်ပြည့်ဖြိုး ကလည်းကောင်း ရရှိသည်။
အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို
လူတိုင်းအတွက် ပညာရေး၊ အရှိန်အဟုန် မြှင့်တင်ပေး ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှ အဋ္ဌမတန်းကျောင်းသူ
မခင်ခင်ဆင့်ကလည်းကောင်း၊ ဒုတိယဆုကို စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံပညာအ ထက်တန်းကျောင်းမှ
န၀မတန်းကျောင်းသား မောင်ခန့်စည်သူက လည်းကောင်း၊ တတိယဆုကို နေပြည်တော် တပ်ကုန်း အခြေခံပညာအထက်တန်းကျောင်း
ကပစ(၁)မှ အဋ္ဌမတန်းကျောင်းသူ မယွန်းမှီမှီအောင်ကလည်းကောင်း ရရှိသည်။
အခြေခံပညာအလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲကို
လောကကမ္ဘာ သာယာဖို့၊ စာတတ်မြောက်ရေး ကူညီစို့ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းမှ သတ္တမ တန်းကျောင်းသူ
မသက်ထားဆွေကလည်းကောင်း၊ ဒုတိယဆုကို တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် နောက်လယ်-အခြေခံပညာအထက်တန်းကျောင်းမှ
ပဉ္စမတန်းကျောင်းသူ မလင်းပြည့်သျှန် ကလည်းကောင်း၊ တတိယဆုကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့
အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူ မဆွေဝတီနွယ်က လည်းကောင်း ရရှိသည်။
ပြိုင်ပွဲများတွင် ဆုရရှိသူအားလုံးသည်
စက်တင်ဘာ(၆)ရက် (စနေနေ့)ညနေထက် နောက်မကျစေဘဲ ဦးစိုးဝင်း(ညွှန်ကြားရေးမှူး) ဖုန်း ၀၉-၄၀၂၅၃၅၄၉
နှင့် ဦးဇော်ဝင်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဖုန်း ၀၉-၄၉၀၃၆၂၁၁ တို့အားဆက်သွယ်၍ နေပြည်တော်
အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) သို့ လူကိုယ်တိုင်(မပျက်မကွက်) သတင်းပို့ကြရမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment