Tuesday, September 2, 2014

ရန်ကုန်အလုပ်သမားဆေးရုံကြီးအားစစ်ဆေး




နေပြည်တော်   စက်တင်ဘာ 
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ဩဂုတ်(၃၁) ရက်တွင် ရန်ကုန်အလုပ်သမားဆေးရုံကြီး ပြုပြင်မွမ်းမံ နေမှုများကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး လေဝင်လေထွက် ကောင်းမွန်ရေး၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် လူနာများအား ကောင်းမွန်သည့် ကျန်းမာရေးဝန် ဆောင်မှုများပေးနိုင်ရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် လူနာများအားတွေ့ဆုံကာ လိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment