Thursday, September 11, 2014

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်

ဟားခါး စက်တင်ဘာ ၉
ချင်းပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမြို့ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာချင်းပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ/စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးစိုးလှိုင်က အမှာစကား ပြောကြားရာ၌ ပညာတတ်မြောက်ခြင်းနှင့် ပညာတတ်မြောက်ခြင်း၏ အကျိုးရေလဒ်ကို ကျောင်းသားကျောင်းသူများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဦးစွာပထမ ပြောကြားလိုပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ထမ်းဆောင် ကြမည့် မျိုးဆက်သစ်လူငယ်များ အပါအ၀င် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံ ကျသည့် လိုအပ်ချက်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းသမီးမွန်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်သူများဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များအားလုံးသည် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင် ဆောင်ရွက် နိုင်အောင် ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးစိုးလှိုင်းက မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ပေးသော ပညာသင်ထောက်ပံ့ငွေကျပ်-၁၅၃၄၅၀၀၀/-ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင် သား/သမီးများ ထက်၊ လယ်၊ မူကျောင်းသား ကျောင်းသူ(၁၀၃၁)ဦး အတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပေးအပ်သည်။ ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဇော်မင်းဦးနှင့် တာဝန်ရှိသူများက ၂၀၁၃-၂၀၁၄ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရစစ်မှုထမ်းဟောင်း အဖွဲ့ဝင်သားသမီးများအား ဆုများပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment