Thursday, September 11, 2014

သိပ္ပံနည်းကျစိုက်ပျိုးစနစ်ဖြင့် ပေါ်ဆန်းရင်မျိုးသန့် စံပြစိုက်ကွက်တွင် မြေသြဇာကြဲပက်ပွဲ ပြလုပ်ခြင်း

သံဖြူဇရပ်     စက်တင်ဘာ  
သံဖြူဇရပ်မြို့နယ်၊ ကော့လေကျေးရွာအုပ်စု၊ ကွင်းအမှတ် (၉၈၄)ရှိ တောင်သူဦးကွန်ချမ်း၏ မိုးစပါး ဆန်ရင်း (FS)မှ (၅)ဧကစိုက်ကွက်နှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ် GAP (၁၀)ဧက စံပြစိုက်ကွက်တွင် စက်တင်ဘာ(၅)ရက်နေ့၊ နံနက်(၉)နာရီအချိန် က တောင်သူပညာပေးပွဲအဖြစ် မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းနှင့် မြေသြဇာစုပေါင်း ကြဲပက်ပွဲ ကျင်းပကြောင်းသိရသည်။


ရှေးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး မိုးဇော်လင်းမှ GAP သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်း ပိုမိုထွက်ရှိ၍ ဒေသအတွက်ဝမ်းစာဖူလုံပြီး တောင်သူများကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ကျင့်သုံးကြစေရန်နှင့် မြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးကျော်စိုးဟန်မှ မျိုးကွဲနှုတ်ပယ်ခြင်း၊ ဓါတ်မြေသြဇာ စနစ်တကျ ပေါင်းစပ်သုံးစွဲရေးနှင့် ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကို ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၏ မြေသြဇာကြဲပက်ခြင်း လက်တွေ့သရှပ်ပြမှုကို တောင်သူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment