Thursday, September 11, 2014

တာချီလိတ်ပြန်/ဆက်ဝန်ထမ်းများ စာဖတ်သူထံအရောက် စာဖတ်နိုင်ရေးဆောင်ရွက်

တာချီလိတ် စက်တင်ဘာ ၁၀
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး တတိယအဆင့် အရှိန်မြှင့်တင်ရေးစီမံချက်အရ တစ်ဦးချင်းတာဝန်ယူမှု၊ တာဝန်သိမှုဖြင့် ပြည်သူကိုဗဟိုပြုသော အများပြည်သူဝန်ဆောင်မှု အဖြစ် စာဖတ်သူများ တည်ရှိရာနေရာသို့ နယ်လှည့်စာကြည့်တိုက်အဖြစ်


လှည့်လည် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့တွင် တာချီလိတ်မြို့ ပရဟိတ အောင်မင်္ဂလာတောရကျောင်းသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်(၅၀)၊မဂ္ဂဇင်း၊ ရုပ်ပြ၊ ဂျာနယ်စာစောင် (၅၀)ယူဆောင်ကာကျောင်းတိုက်တွင် ပညာသင်ကြား နေသောကိုရင်ငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးဆောင်ရွက်ခဲ့သည်။

ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုနေမှုကို လက်ထောက်ဆရာတော် ဦးအိန္ဒြိယ နှင့်ပြန်/ဆက်ဝန် ထမ်းများက အားပေးကူညီဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment