Monday, September 1, 2014

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း တက်ရောက်အမှာစကားပြော



နေပြည်တော်၊ စက်တင်ဘာလ- ၁ ရက်
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ အမှုထမ်းများစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း ဖွင့်ပွဲ အခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၃)၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။



ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်းမှ အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သောသင်တန်းသည် အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချမည့် သင်ခန်းစာ များအား အမှုထမ်း များအနေဖြင့် ကြိုစားလေ့လာသင်ယူကြစေလိုပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများ၊ အတွေ့အကြုံများအား လက်တွေ့လုပ်ငန်းနယ်ပယ်တွင် စနစ်တကျ အသုံးချတတ်ရန် လိုအပ်ပါ ကြောင်း၊ မိမိတို့ တာဝန်ယူ ဆောင်ရွက်နေရသော လုပ်ငန်းတာဝန်များအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်းမှာကြားခဲ့ပါသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း ဖွင့်ပွဲအခမ်း 
 အနားသို့ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment