(၁၃)ကြိမ်မြောက် ရွှေ့ပြောင်းလုပ်သားများ၏
အခွင့်အရေးများကာကွယ် စောင့်ရှောက် ခြင်းနှင့် မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံ စာချုပ်စာတမ်း
(မူကြမ်း) ရေးဆွဲရေးအဖွဲ့ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁ ရက်နေ့ နံနက်
၀၉း၀၀ နာရီ နေပြည်တော်၊ Horizon Lake View Resort Hotel ၌ ကျင်းပခဲ့ရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများ၊
အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ
ကိုယ်စားလှယ်များ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ၊ အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး
မှူးချုပ်များ၊ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုယ်စား လှယ်များ၊ မြန်မာပြည်ပအလုပ်အကိုင်
ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။
အကြိမ်(၄၀)မြောက် အာဆီယံအလုပ်သမား ဝန်ကြီးအဆင့်
အစည်းအဝေးမှ အာဆီယံ အလုပ်သမား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တိုက်ရိုက်အစီရင်ခံရသည့်
ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေး များ ကာ ကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း ဆိုင်ရာ
အာဆီယံ ကော်မတီကို တည်ထောင်ရန် သဘောတူပြီး ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါကော်မတီ၏အောက်တွင်
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ
အာဆီယံစာချုပ် စာတမ်း ရေးဆွဲရေး အဖွဲ့ကို ဖွဲ့စည်းကာစာချုပ် စာတမ်း (မူကြမ်း)ကိုရေးဆွဲခဲ့ပါသည်။
ယခုအစည်း အဝေးသည် အာဆီယံနိုင်ငံများအတွင်း
ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများ ကာ ကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ
အာဆီယံကြေညာစာတမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေ အနေများ၊ ဆောင်ရွက်ဆဲနှင့်
ဆောင်ရွက်ပြီး လုပ်ငန်းများကို ဆွေးနွေးရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
ယင်းရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင် ခြင်းဆိုင်ရာ အာဆီယံ စာချုပ်စာတမ်း (မူကြမ်း)သည်
၂၀၁၁ ခုနှစ်မှ စတင်ရေးဆွဲခဲ့ရာ ၂၀၁၄ ခုနှစ် တွင် အပြီးသတ်ရေးဆွဲ ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ
(၉)ကြိမ်မြောက် စာချုပ်စာတမ်း (မူကြမ်း) ရေးဆွဲရေးအဖွဲ့
အစည်းအဝေးကို တစ်ကြိမ် လက်ခံကျင်းပခဲ့ပါသည်။ ယခု ၁၃ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ
ထပ်မံလက်ခံ ကျင်းပခြင်းဖြစ်ပြီး၊ ၁၄ ကြိမ်မြောက်
အစည်းအဝေး ကို မလေးရှားနိုင်ငံတွင်လည်းကောင်း၊ ၁၅ ကြိမ်မြောက် အစည်းအဝေးကို လာအိုပြည်သူ့
ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် လည်းကောင်း ဆက်လက်ကျင်းပ သွားမည်ဖြစ်ပါသည်။
အဆိုပါ စာချုပ်စာတမ်းသည် ၂၀၁၅ ခုနှစ်၊
အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး အတွက် အရေးပါသည့် စာချုပ်စာတမ်း ဖြစ်သကဲ့သို့ အဆိုပါစာချုပ်စာတမ်း
ထွက်ပေါ်လာပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးများ
ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ “စံ” သတ်မှတ် ချက်တစ်ခုကို ရရှိလာမည်ဖြစ်ပြီး
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဒေသတွင်းသာမက နိုင်ငံတကာသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရာတွင်
အဆိုပါနိုင်ငံများ၏ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ
ရရှိခံစားလာနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ
ကျင်းပခြင်းဖြင့် စာချုပ်စာတမ်းတွင် ထည့်သွင်းစေလိုသည့်အချက်များကို ဦးဆောင်ဆွေးနွေးရန်
အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။
ယခုအစည်းအဝေးကို စက်တင်ဘာလ ၁ ရက်နေ့မှ
၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေးသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူး
ချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု
ကြီးကြပ်ရေးကော်မတီဝင်များ၊ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ကိုယ်စားလှယ်များ၊
မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့်
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း
၅၄ ဦး တက် ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
1.jpg)
2.jpg)
3.jpg)
No comments:
Post a Comment