Tuesday, September 30, 2014

ပန်ဝါမြို့နယ်ခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပန်ဝါ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ မိုးပွင့်အဆင့် (၆) စီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်မှုအခမ်းအနားကို စက်တင်ဘာ (၂၇) ရက် မွန်းလွဲ (၁) နာရီက ပန်ဝါမြို့ရှိ ကုန်သွယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဦးဝင်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူ (၇၃) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ရာ ရပ်မိ/ရပ်ဖ တစ်ဦးဖြစ်သော ဦးလဂွေဘောမ်လန်းက ဒေသခံ ပြည်သူများ၏ကိုယ်စား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဦးဝင်းလွင်၊ ဒုတိယလက်ထောက်ပြည်နယ်မှူး ဦးအောင်ကျော်မြင့်နှင့် ၀န်ထမ်းများ၊ ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

No comments:

Post a Comment