Tuesday, September 30, 2014

ကျုံပါကျေးရွာ အုပ်ချုပ်ရေးမှူးဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



သထုံ  စက်တင်ဘာ  ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ လ ၂၇ ရက်၊ ညနေ ၄ နာရီကစတင်ကာ ကျေးရွာအားကစားကွင်းတွင် စည်ကားစွာဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ 




“ကျေးရွာအတွင်းမှာရှိတဲ့ ရွက်ပုန်းသီးဘောလုံး အားကစားသမားတွေကို ဖော်ထုတ်ပေးပြီး ကျေးရွာ အဆင့် ကနေ နိုင်ငံ့ လက်ရွေးစင် အဆင့်အထိ တက်လှမ်းကြစေလိုတဲ့ စိတ်ဓါတ်မျိုး မွေးမြူနိုင်အောင်လို့ အစဉ်အဆက် ဆိုသလို ကျင်းပ ပေးနေတာပါ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
အဆိုပါပြိုင်ပွဲကို ကျေးရွာအုပ်စု အတွင်းမှ အသင်း ၈ သင်းတို့က စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ယှဉ်ပြိုင် ခဲ့ပြီး နောက်ဆုံးပွဲစဉ် အဖြစ် ကျုံပါ-နောင်ဘို အသင်းနှင့် ကျုံပါ-စတား အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အနိုင်ရ ဗိုလ်စွဲခဲ့သည့် ကျုံပါ-နောင်ဘို အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဂုဏ်ပြုဆုဖလားနှင့် ဆွဲပြားများ ပေးအပ်ကာ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုများ၊ တစ်ဦးချင်း အကောင်းဆုံးဆု၊ ဂိုးအကောင်းဆုံး ဆု၊ ဂိုးသွင်း အများဆုံးဆုနှင့် အခြားဆုများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့က ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment