Tuesday, September 30, 2014

တောင်တက်သမားနှင့် ထိုင်းရဟတ်ယာဉ် ရှာဖွေရန် တရုတ်အဖွဲ့ လာရောက်ပူးပေါင်း





ရန်ကုန်  စက်တင်ဘာ  ၂၉
ခါကာဘိုရာဇီခရီးစဉ်အတွင်း တောင်တက်သမားနှစ်ဦးကို ရှာဖွေစဉ် ထပ်မံအဆက်အသွယ်ပြတ် တောက်သွားခဲ့သည့် ထိုင်းနိုင်ငံဘီဖိုး ရဟတ်ယာဉ်နှင့် လိုက်ပါ သွားသူများအား ကယ်ဆယ်မှု တိုးမြှင့်နိုင်ရေးအတွက် စက်တင်ဘာ ၂၈ ရက် ည ၁၂ နာရီက တရုတ် နိုင်ငံမှ ကျွမ်းကျင်တောင်တက်သမား နှစ်ဦးသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့ပြီး ယနေ့ညနေ ၄နာရီခွဲတွင် နောက်ထပ် တောင်တက်ကျွမ်းကျင်သူ ၁၀ ဦး ရောက်ရှိလာပြီဖြစ်သည်။

ထို့အပြင် ယနေ့ည ၁၀ နာရီခွဲ တွင် တရုတ်လေကြောင်းလိုင်းဖြင့် တောင်တက်ကျွမ်းကျင်သူ ငါးဦးသည် လည်းကောင်း၊ ယနေ့ည ၁၁နာရီခွဲ တွင် တောင်တက်သမား နှစ်ဦးသည် လည်းကောင်း ထပ်မံရောက်ရှိ လာခဲ့သည်။
စုစုပေါင်း တရုတ်နိုင်ငံမှ ကျွမ်း ကျင်တောင်တက်သမား ၁၉ ဦးတို့က စက်တင်ဘာ ၃၀ ရက် နံနက်က ပူတာအိုမြို့မှတစ်ဆင့် အခြေခံရှေ့ တန်းကယ်ဆယ်ရေး စခန်းသို့ ခရီးဆက်ကာ ဝေဟင်နှင့် မြေပြင် ကယ်ဆယ်ရေးများကို အချိန်မဆိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယနေ့တွင် တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ထူး ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းများ ကို နေ့ရောညပါ ဆောင်ရွက်လျက်ရှိနေကြောင်း ထူး ဖောင်ဒေး ရှင်းက ပြောကြားသည်။

No comments:

Post a Comment