Tuesday, September 30, 2014

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ အမှတ် (၂) ရေတပ်မတော် ဌာနချုပ်သို့ ရောက်ရှိပြီး စစ်ရေ ယာဉ်များကြည့်ရှု လေ့လာ




နေပြည်တော် စက်တင်ဘာ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် National Cemetery သို့သွားရောက်ပြီး ပန်းခွေချ အလေးပြုခဲ့သည်။ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Pyeongtaek ရှိ Naval 2nd Fleet Command သို့ရောက်ရှိကြရာ Naval 2nd Fleet Command \ Commander Rear Admiral Park Sung Bae နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် Naval 2nd Fleet Command အတွင်း ကိုရီးယားရေတပ်မတော်မှ စစ်ရေယာဉ် ROKS Incheon FFG -811 ၏အစည်းအဝေးခန်းမ၌ ရေတပ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း တင်ပြမှု အပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး စစ်ရေယာဉ် ROKS Incheon FFG-811၊  ROKS HYUN Si Hak နှင့် ROKS CHEONAN တို့အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment