Tuesday, September 30, 2014

မြန်မာ့ခရီးသွားလုပ်ငန်း ကမ္ဘာကသိစေရန် လုပ်ဆောင်မည်




နေပြည်တော်  စက်တင်ဘာ  ၂၉
နေပြည်တော် မြန်မာအင်တာ နေရှင်နယ် ကွန်ဗင်းရှင်းစင်တာ၌ ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်ကို စည်ကား သိုက်မြိုက်စွာကျင်းပသွားရန် ပြင်ဆင် လျက်ရှိပြီး နိုင်ငံပေါင်း ၅၉နိုင်ငံမှ နိုင်ငံအကြီးအကဲများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ လူဦးရေ ၁၅၀၀ကျော်ခန့်တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝသယံဇာတများ မပျက်စီးဘဲ တည်ရှိနေမှုတို့ကြောင့် အရှေ့တောင်အာရှနှင့် ဒေသတွင်း အာရှနိုင်ငံများ၊ အီးယူနိုင်ငံများအပါ အဝင် အနောက်နိုင်ငံအများစုမှ လာရောက်မှု တိုးတက်မြင့်မားလျက် ရှိနေပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် အဆိုပါ အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် အတွက် စိတ်ပါဝင်စားသည့် နိုင်ငံ များနှင့် ခရီးသွား လုပ်ငန်းအဖွဲ့အစည်းများ များပြားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။
အဆိုပါဖိုရမ်ကို ဒေသတွင်း နိုင်ငံများအပြင် အီးယူနိုင်ငံများမှ ခရီးသွားလုပ်ငန်းရှင်များလည်း လာ ရောက်ရန်ရှိနေပြီး အဆိုပါဖိုရမ်သည် နိုင်ငံပေါင်း ၅၉နိုင်ငံအထိ ပါဝင်သည့် ဖိုရမ်ဖြစ်ခြင်းကြောင့် အကြီးမားဆုံး ဖိုရမ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာမှ ထင်ရှားသည့် ဟိုတယ်လုပ် ငန်းလုပ်ကိုင်သူများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များလည်း ပါဝင်မည်ဖြစ် သဖြင့် အဓိကကျသည့် ဖိုရမ်ဖြစ်ခြင်းကြောင့် ပြည်တွင်းမှလုပ်ငန်းရှင် အများစုလည်း စိတ်ပါဝင်စားလျက်ရှိကြောင်း သိရသည်။
ဖိုရမ်အတွင်း ခရီးသွားပြပွဲများ ပြသရန်အတွက် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်တို့ ပူးပေါင်းကာ စီစဉ်လျက်ရှိပြီး လာရောက်သူများအတွက် အပန်းဖြေ အပျော်တမ်း ဂေါက်ရိုက်ပြိုင်ပွဲများကို လည်း ထည့်သွင်းထားသည်။ အခမ်းအနား၏ ဆောင်ပုဒ်မှာငြိမ်းချမ်းဝေစည် တွဲလက်ညီ အာဆီယံအသိုက်အဝန်းဆီ ခရီးသွားလုပ်ငန်းဖြင့် အရောက်ချီ ဟု သတ်မှတ်ထားပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများ အရှိန်မြှင့်တင်ရေး အတွက် အလွန်အရေးပါသည့် ဖိုရမ်တစ်ခုအဖြစ် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖိုရမ် ကျင်းပနိုင်ရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် စင်ကာပူနိုင်ငံအခြေစိုက် Mp Singapore နှင့် Myanmar Venture Group  တို့ကအဓိက ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment