Monday, September 29, 2014

အာရှအားကစားပြိုင်ပွဲ စက်တင်ဘာ(၃၀)ရက် မြန်မာအသင်းပါဝင်ယှဉ်ပြိုင်မည့်ပွဲစဉ်များ



နေပြည်တော်   စက်တင်ဘာ  ၂၉
 
တောင်ကိုရီးယားနိုင်ငံ အင်ချွန်မြို့တွင် ကျင်းပလျက်ရှိသော (၁၇)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ယနေ့စက်တင်ဘာ (၂၉)ရက်တွင် အင်ချွန်မြို့  ဘူဖျောင်ပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပလျက်ရှိသော အမျိုးသား(၃)ယောက်တွဲ (Regue) ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ် များအဖြစ် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် မြန်မာအမျိုးသားအသင်းနှင့် တရုတ်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသားအသင်းမှ (၂)ပွဲ-(၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

အင်ချွန်မြို့နယ် အားကစားရုံ၌ကျင်းပသော နပန်းပြိုင်ပွဲတွင် (၇၄)ကီလိုတန်း ၌ ဒေသစံတော်ချိန်  နေ့လည်(၁)နာရီတွင် မြန်မာမှ ဇော်မင်းထွန်းနှင့် တာမင်ကစ္စတန်နိုင်ငံမှ အားကစားသမားတို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ဇော်မင်းထွန်းက ပထမအချီ၌ပင် ရှုံးနိမ့်ခဲ့သည်။
ဆက်လက်၍ Main Stadium  ကွင်း၌ ဒေသစံတော်ချိန် ည(၇)နာရီတွင် ပြေးခုန်ပစ်ပြိုင်ပွဲအား ကျင်းပရာ မြန်မာနိုင်ငံမှ ဖြူဝါသက် သည် မီတာ (၁၅၀၀) အပြေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ နိုင်ငံအလိုက် အဆင့်(၁၃)သာ ရရှိသည်။
စက်တင်ဘာ(၃၀)ရက် မြန်မာအားကစားအသင်းများ၏ ပြိုင်ပွဲ ပွဲစဉ်များမှ အင်ချွန်မြို့ ဘူဖျောင် ပိုက်ကျော်ခြင်း အားကစားရုံ၌ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်း (Regue) ပြိုင်ပွဲတွင်  မြန်မာအမျိုးသား အသင်းမှ ဒေသစံတော် ချိန် နံနက် (၉)နာရီတွင် ထိုင်းနိုင်ငံ အမျိုးသားအသင်းနှင့်လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် စင်ကာပူ နိုင်ငံ အမျိုးသားအသင်းနှင့်လည်းကောင်း အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အင်ချွန်မြို့ တိုက်ကွမ်ဒိုအားကစားရုံ၌ ကျင်းပမည့် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အိန္ဒြာအောင်က (၄၉)ကီလိုတန်း တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နပန်းအားကစားရုံ၌ကျင်းပသည့် နပန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝဏ္ဏထွန်းက (၅၉)ကီလိုတန်း၌ ဒေသစံတော်ချိန် နေ့လည်(၁၁)နာရီတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။       

No comments:

Post a Comment