Monday, September 29, 2014

ရန်ကုန်နှင့်မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ စာမေးပွဲရက် ပြင်ဆင်



ရန်ကုန်   စက်တင်ဘာ  ၂၉
ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ် တို့၏ ၂၀၁၄ ပညာသင်နှစ် ပထမအသုတ် (သိပ္ပံဘာသာရပ်များ) သင်တန်းနှစ်အားလုံး၏ စာမေးပွဲဖြေဆိုရမည့် (၆-၁၀-၂၀၁၄) ရက် (တနင်္လာနေ့) သည် အများပြည်သူတို့၏ အလုပ်ပိတ်ရက် (ဘက္ကရီးအီးဒ်နေ့) ဖြစ်ပါသဖြင့် သင်တန်းနှစ်အားလုံး၏ အဆိုပါနေ့ရက်တွင် ဖြေဆိုရမည့် ဘာသာရပ်ကို (၁၄-၁၀-၂၀၁၄)ရက် (အင်္ဂါနေ့)သို့ ပြောင်းရွှေ့ဖြေဆိုကြရမည် ဖြစ်ကြောင်းနှင့် စာမေးပွဲပြောင်း ရွှေ့ဖြေဆိုရမည့်ရက်မှာ (၆-၁၀-၂၀၁၄)ရက် (တနင်္လာနေ့) တစ်ရက်တည်းသာဖြစ်ပြီး ကျန်ရက်များတွင် ဖြေဆိုရမည့် ဘာသာ ရပ်များကို မူလကြေညာထားသည့် အစီအစဉ် ရက်များအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့က အသိပေးကြေညာထားသည်။

No comments:

Post a Comment