နေပြည်တော် စက်တင်ဘာ
၂
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ
မှတ်ပုံတင်ဥပဒေ၊ ညွှန်ကြားချက်အမှတ် (၄၂) အရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် နိုင်ငံရေးပါတီ
ထုတ်ဝေခွင့်ပြုထားသည့် ပါတီများမှ အာမခံကြေးအဖြစ် ပေးသွင်းထားသည့် ၅၀၀၀၀၀ိ/- (ငါးသိန်းကျပ်တိတိ)
ကို ၎င်းဥပဒေအား ရုပ်သိမ်းပြီး ဖြစ်သဖြင့် (၂-၉-၂၀၁၄) ရက်နေ့မှစ၍ ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း
သိရှိရသည်။
ပါတီများနှင့် အာမခံကြေးများကို ချက်လက်မှတ်ဖြင့်
ထုတ်ပေးမည်ဖြစ်၍ ကိုယ်စားလှယ်တစ်ဦးအား ပါတီ၏ ကိုယ်စားလှယ် လွှဲစာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား
မူရင်းတို့နှင့်အတူ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဝင်္ကပါလမ်း အမှတ် (၄) ရှိ
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ ဆက်သွယ်လာရောက်ထုတ်ယူရန် သက်ဆိုင်ရာ ပါတီအသီးသီးသို့လည်း
အကြောင်းကြား စာများ ပေးပို့ထားကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၁ ၅၄၄၅၇၈၊
၀၁- ၅၄၁၄၁၃ နှင့် ၀၁- ၅၄၄၅၈၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment