Tuesday, September 2, 2014

မိုးရွာသွန်းမှုနည်းပါး၍ ရိခေါဒါရ်မြို့၌ လယ်ယာမြေများလျာထားချက်မပြည့်နိုင်



ဟားခါး   စက်တင်ဘာ      
ချင်းပြည်နယ်အတွင်း ယခင်နှစ်များနှင့်မတူ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရိခေါဒါရ်နယ်မြေ ဒေသတစ်ဝိုက်ရှိ လယ်ယာမြေ အချို့ မစိုက်ပျိုးနိုင်သည့်အပြင် အချိုးမှာလည်း စိုက်ပျိုးရာသီနောက်ကျစွာ စိုက်ပျိုးခဲ့ရသဖြင့် သီးနှံ အထွက်နှုန်းမှာ ယခင်နှစ်များ ထက် လျော့နည်းနိုင်ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

ရိဒ်ခေါဒါရ်နယ်မြေအတွင်း လယ်မြေဧက စုစုပေါင်း ၅၀၃ ဧကရှိပြီး ယခုနှစ် မိုးနည်းပါးခြင်းကြောင့် လယ်ယာ မြေဧက ၃၃၁ ဧကသာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။ လယ်စိုက်နိုင်ခြင်းမရှိသည့် လယ်မြေဧက ၁၇၂ ဧကအား အစားထိုးသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများက နည်းလမ်းရှာကြံဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment