Tuesday, September 2, 2014

ကျေးရွာနေပြည်သူများ အသိပညာ တိုးတက်စေနိုင်မည့် စာကြည့်တိုက် အဆောက်အဦသစ် ရေတွင်းဖြူ ကျေးရွာတွင် ဖွင့်လှစ်



သထုံ     စက်တင်ဘာ    
ကျေးရွာနေ ပြည်သူများ စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတများ ဖွံဖြိုး တိုးတက် စေနိုင်မည့် “နေလ” စာကြည့်တိုက် အဆောက်အဦသစ်ကို သထုံမြို့နယ်၊ ၀င်းပကျေးရွာအုပ်စု၊ ရေတွင်းဖြူ ကျေးရွာတွင် စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့သည်။ 




စာကြည့်တိုက်ကို သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခ.မ.ရ (၉) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိန်လင်းဌေးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက  အမှာစကား ပြောကြားပြီး ခရိုင် ပြန်/ဆက် ဦးစီးအရာရှိက စာကြည့်တိုက် ရေရှည်တည်တံ့ရေး၊ စာဖတ်ရှိန် တိုးတက်မြင့်မားရေးနှင့် စာမဖတ်သူ ပပျောက်ရေး တို့ကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အလှူရှင် အသီးသီးတို့က သုတ/ရသ စာအုပ် ၈၇၆ အုပ်နှင့် ငွေပဒေသာပင် ၁၁၀၀၀၀ ကျပ်တို့ကို ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့် စာကြည့်တိုက်မှူး ဦးထွန်းဇော်တို့က လက်ခံ ရယူကြပြီး ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးအောင်ထူးက မိမိတို့ကျေးရွာ အတွက် အလင်းရောင်ပမာ ဖြစ်သော ယခု စာကြည့်တိုက် ဖြစ်ပေါ် လာရေး အတွက် ၀ိုင်းဝန်းလှူဒါန်း ထောက်ပံ့ ပေးကြသူများအား အထူးကျေးဇူး တင်ပါကြောင်း ၀မ်းမြောက်စကား ပြောကြားသည်။

No comments:

Post a Comment