Tuesday, September 2, 2014

ငါးသားပေါက်တိုးမြှင့်ထွက်ရှိရေး ဆွေးနွေးပွဲကျင်းပ



နေပြည်တော်   စက်တင်ဘာ 
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးသည် စက်တင်ဘာ (၁)ရက်တွင် မန္တလေးမြို့ နတ်ရေကန်ငါးမွေးမြူရေးစခန်း၌ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထက်မြန်မာပြည် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ် သတ္တဗေဒ ဌာနမှ ပါမောက္ခ/ဌာနမှူးနှင့် အဖွဲ့ဝင်များ၊ အထက်မြန်မာပြည်ရှိ ငါးသားပေါက်စခန်း(၂၆)ခုမှ တာဝန်ခံများနှင့် တွေ့ဆုံ၍ ငါးသားပေါက်စခန်း များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တတိယအဆင့်ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် ရာတွင် ငါးသား ပေါက်စ ခန်းများအနေဖြင့် ဝန်ကြီးဌာန၏ အဓိကတာဝန်ကြီးဖြစ်သည့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန်ယူလုပ်ဆောင် နေကြသူများ ဖြစ်ကြောင်း၊ ယခုဆွေး နွေးပွဲတွင် ဆောင်ရွက်ပြီးစီးမှု၊ တွေ့ရှိရသည့်အခက်အခဲနှင့် ဖြည့်ဆည်း ဆောင်ရွက် ပေးရမည့် အချက်များ အကြံပြုချက် များတင်ပြကြရန် ပြောကြားသည်။
ထို့နောက် ငါးသားပေါက်စခန်းတစ်ခုချင်းစီအလိုက် ငါးသားပေါက်များထုတ်လုပ်ပြီး မျိုးရောင်းချမှု၊ မျိုးစိုက် ထည့်မှု၊ ဒေသငါးမျိုး ရင်းထိန်းသိမ်းမှု၊ ငါးသယံဇာတထိန်းသိမ်းမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံ၊ ဖြည့်ဆည်း ပေးရန်လိုအပ်ချက်၊ အကြံပြုချက်များအား တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ မန္တလေးတက္ကသိုလ်သတ္တဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမီမီစိန်နှင့် အထက် မြန်မာပြည် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြတ်ထွဋ်တို့က ဆွေးနွေးအကြံပြုပြောကြားကြပြီး ဒုတိယဝန်ကြီးက ငါးသယံဇာတ ထိန်းသိမ်းရေး၊ ရေထွက်ပစ္စည်းတိုးမြှင့်ထုတ်လုပ်ရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုနှင့် ဝင်ငွေတိုး တက် လာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာ စကား   ပြောကြားပြီး လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment