Tuesday, September 2, 2014

ကချင်ပြည်နယ်အတွင်း မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများနှင့် စေတနာ့ဝန် ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများပေးအပ်




နေပြည်တော်   စက်တင်ဘာ 
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင်သည် ဩဂုတ်(၃၁)ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ ပြောင်းရွှေ့ပြည်သူများနှင့် မူလနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနအနေဖြင့် ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ယနေ့အချိန်ထိ စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်းပေါင်း
(၂၅၅၀)ကျော် ထောက်ပံ့ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ထာဝရငြိမ်းချမ်း ရေးရရှိပြီးသည်နှင့် တစ်ပြိုင်နက် မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည် နေထိုင်မည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို အဆင်သင့် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ကချင်ပြည်နယ်အတွင်း များမကြာခင်ရရှိလာတော့မည့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်အပြီး ပြောင်းရွှေ့ပြည်သူများ၏ လူမှုစီးပွားဘ၀များ အလျင်အမြန် ဖွံ့ဖြိုး တိုးတက် လာအောင် သက်ဆိုင်ရာ အစိုးရဌာနများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြောင်းရွှေ့ပြည်သူများနှင့် မူလနေထိုင်ရာကျေးရွာ များသို့ ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများအတွက် (၆၄၃ ဒသမ ၆၇)သိန်းကျပ်နှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ပူတာအိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် (၅၄၁ ဒသမ ၂၁) သိန်းကျပ် စုစုပေါင်း(၁၁၈၄ ဒသမ ၈၈)သိန်းကျပ် ထောက်ပံ့ပေးခြင်းသည် နိုင်ငံတော်သမ္မတကြီးချမှတ်ထား သော ဆင်းရဲ နွမ်းပါးမှုလျှော့ ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အကောင် အထည်ဖော်  ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းပင်ဖြစ်ပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ မြင့် မားရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးအောင်တို့က လွယ်ဂျယ်မြို့ ကယ်ဆယ်ရေးစခန်းမှ မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည်ပြောင်း ရွှေ့နေထိုင်မည့် အိမ်ထောင်စု (၃၃)စု လူဦးရေ စုစုပေါင်း(၁၉၀)တို့အတွက် ဆန်ရိက္ခာဖိုး  (၃ ဒသမ  ၃၇)သိန်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၁၄ ဒသမ ၅)သိန်း၊ (၇ ဒသမ ၀၆)သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ ကျောင်းသား ကျောင်းသူများအတွက် (၂ ဒသမ ၁၆)သိန်းခန့်တန်ဖိုးရှိသည့် ကျောင်းဝတ်စုံများ၊ ကယ်ဆယ်ရေး စခန်း(၁၀၁)ခုရှိ လူဦးရေစုစုပေါင်း(၄၃၃၇၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၃၁၆ ဒသမ ၆၃)သိန်း၊ သွားလာရန် ခက်ခဲသောဒေသများရှိ ပြောင်းရွှေ့ပြည်သူများအတွက် ကျပ်သိန်း(၁၀၀)ခန့် တန်ဖိုးရှိသော နှစ်ယောက်အိပ်ခြင်  ထောင်များ၊ ဆေးဝါးများနှင့် အစားအစာမုန့်ကြွပ်များ စုစုပေါင်း(၆၄၃ ဒသမ ၆၇) သိန်းကျပ်ကို သက်ဆိုင်သူများ ထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန် မျက်မမြင်ကျောင်းအတွက် (၄၅ ဒသမ ၆၅)သိန်း၊ အောင်တော်မူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၄၂ ဒသမ ၃၄)သိန်း၊ မေတ္တာရင်ခွင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၁ ဒသမ ၇၅)သိန်း၊ ပြည်လုံးချမ်းသာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၅ ဒသမ ၇၂)သိန်း၊ မေတ္တာရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၂)သိန်း၊ ရန်အောင်မြင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၉)သိန်း၊ မေတ္တာစိမ့်စမ်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၉)သိန်းနှင့် နေခြည်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၆ ဒသမ ၉၀)သိန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ချမ်းမြေ့လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၉ ဒသမ ၅၀)သိန်း၊ တနိုင်းမြို့နယ်အတွင်းရှိ မေတ္တာမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၈)သိန်း၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၆)ကျောင်းအတွက်(၉၆)သိန်း၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရေရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတရေဟာအတွက် (၃၆ ဒသမ ၄၅)သိန်း၊ ညောင်ပင်သာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတရေဟာအတွက် (၂၁ ဒသမ ၉၀)သိန်းနှင့် ဗန်းမော်ဘိုးဘွားရိပ်သာအတွက် (၁၆ ဒသမ ၀၁) သိန်း၊ ဗန်းမော်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆)ကျောင်းအတွက် (၃၆)သိန်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ သပြေပင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၄ ဒသမ ၉၉)သိန်း၊ မိုးညှင်း ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၆)ကျောင်းအတွက် (၃၆)သိန်း၊ ပူတာအိုခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၄)ကျောင်းအတွက် (၂၄)သိန်း စုစုပေါင်းကျပ်သိန်း ပေါင်း(၅၄၁ ဒသမ ၂၁) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment