Saturday, September 6, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိ


ဘန်း စက်တင်ဘာ ၅
ဂျာမနီနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ဘာလင်မြို့မှ ဆွစ်လေကြောင်းလိုင်း LX 967 ဖြင့် ထွက်ခွာရာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဌာနမှ တာဝန်ရှိ သူများ၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေနှင့် တာဝန်ရှိသူများက ဇူးရစ်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ ခေတ္တတည်းခိုမည့် ဘန်းမြို့ရှိ Hotel Bellevue Palace သို့ ရောက်ရှိကြသည်။

No comments:

Post a Comment