နေပြည်တော် စက်တင်ဘာ ၉
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု
လွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးသိန်းဇော်၊
ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ဒေါက်တာခင်ရွှေ၊
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံဆိုင်ရာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းလှိုင်နှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ပေါလစ်ဗျူရိုအဖွဲ့ဝင်
(ဟိုချီမင်းမြို့) ဗီယက်နမ်ကွန်မြူနစ် ပါတီ
အတွင်းရေးမှူးနှင့်အတူ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E.Mr.Nguyen Manh
Tien ဟိုချီမင်းမြို့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ဗီယက်နမ် အမျိုးသားလွှတ်တော်မှ အဆင့်မြင့်အရာရှိများ
တက်ရောက်ကြကာ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်
အဖွဲ့အား Reunification
Palace ထမင်းစားခန်းမဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပါတီ အတွင်းရေးမှူးနှင့်အတူ
မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Saigon Opera House သို့ ထွက်ခွာခဲ့ကြရာ
Saigon Opera House ၌ ဟိုချီမင်းမြို့ ယဉ်ကျေးမှုအဖွဲ့က အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး
ဖျော်ဖြေပွဲအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့်
အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ခေတ္တတည်းခိုသည့် ဟိုချီမင်းမြို့
Inter Continental ဟိုတယ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ တွင် ပြန်လည်ရောက်ရှိကြသည်။

No comments:
Post a Comment