နေပြည်တော် စက်တင်ဘာ
၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည်
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် နိုင်ငံသားရင်းနှီးမြှုပ်နှံသူများအဖွဲ့ (အေဗင်) ဥက္ကဋ္ဌ မစ္စတာချန်ဘက်ခ်ဟာ (Mr.Tran Bac Ha) ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ဒုတိယဝန်ကြီး
ဦးသန့်ကျော်နှင့် ဒေါက်တာ စန်းလွင်တို့
တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်
စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment