Tuesday, September 2, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာများ သထုံတွင် ဟောပြော



သထုံ    စက်တင်ဘာ    
လူကုန်ကူး ကျွန်ပြုခံရခြင်း အန္တရာယ်မှ ကင်းဝေးပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ကျေးလက်နေ ပြည်သူများ အနေဖြင့် ပူးပေါင်း ပါဝင်လာနိုင်စေရန် အတွက် သြဂုတ်လ ၃၁ ရက်နေ့က သထုံမြို့ နယ်၊ ၀င်းပကျေးရွာတွင် ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာ များကို လိုက်လံ ဟောပြောခဲ့သည်။ 



ရှေးဦးစွာ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် က လူကုန်ကူး ကျွန်ပြုခံရပုံများနှင့် သထုံမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် တိုက်ဖျက် ရေး လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်လွင်က လူကုန်ကူးခြင်း အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များကို လည်းကောင်း၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိမ်းစိမ်းစိုးက လူမှောင်ခို၊ လူကုန် ကူးခြင်းတို့၏ အဓိပ္ပါယ်နှင့် ၀ိုင်းဝန်း တိုက်ဖျက် ကြရေး တို့ကို လည်းကောင်း ဆွေးနွေး ဟောပြောကြရာ စိတ်ပါ ၀င်စားစွာဖြင့် လေ့လာကြပြီး ဒေသခံ တစ်ဦးဖြစ်သူ ကာလသား ခေါင်းဆောင်က “လူကုန်ကူးခံရခြင်းက လူ့ အခွင့်အရေး ကို အကြီးမားဆုံး ရှုံးဆုံးစေတာကို သိလိုက် ရပါတယ်၊ ကျွန်တော်တို့ ကျေးရွာက လူတွေ အတွက် အခုလို အသိတွေ များများသိဖို့ လိုပါတယ်။ ဒါကြောင့် မှတ်သားမိ သမျှကို ပြန်လည်မျှဝေသွားမှာပါ” ဟု ပြောကြားသည်။

No comments:

Post a Comment