သထုံ စက်တင်ဘာ
၁
ကွန်ပျူတာတက္ကသိုလ်
(သထုံ) တွင် အမှတ် (၆၀၆) အမြှောက်စစ်ဆင်ရေး ဌာနချုပ်နှင့် အမှတ် (၂၀၂) အမြှောက် တပ်ရင်းတို့မှ
အရာရှိအရာခံ စစ်သည်များနှင့် ကွန်ပျူတာတက္ကသိုလ်မှ ဆရာ/ဆရာမ များပူးပေါင်း၍ စက်တင်ဘာလ
၁ ရက်၊ နံနက် ၈ နာရီက စတင်ကာ ကျောင်းနှင့် ကျောင်းဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက်
ကွန်ပျူတာတက္ကသိုလ် ကျောင်းဝင်း အတွင်း စုပေါင်း သစ်ပင် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ
သစ်ပင်စိုက်ပျိုးပွဲတွင် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာဝင်းဌေးက အမှတ်
(၆၀၆) အမြှောက်တပ်မမှူး ဗိုလ်မှူးချုပ် သက်နိုင်ထံ ပျိုးပင်များ ပေးအပ်ပြီး အမှတ်(၆၀၆)
အမြောက်စစ်ဆင်ရေး ဌာနချုပ်မှ တပ်မမှူး၊ ဗျူဟာမှူး၊ အမှတ်(၂၀၂) အမြောက်တပ်ရင်းမှ တင်ရင်းမှူးနှင့်
ကျောင်းအုပ်ဆရာကြီးတို့ ဦးဆောင်ကာ တပ်မတော်သားများနှင့် ဆရာ/ဆရာမများတို့က ကျွန်း၊
မဟော်ဂနီ၊ စွယ်တော် အစရှိသည့် ပျိုးပင်ပေါင်း ၂၀၀ကို ကျောင်းဝင်းအတွင်း တပျော်တပါး
လိုက်လံ စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။



No comments:
Post a Comment