Tuesday, September 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယ်သာလန် နိုင်ငံ ၀န်ကြီးချုပ် ကိုယ်စား နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံ


သည်ဟေ့ဂ် စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား နယ်သာလန်နိုင်ငံ ၀န်ကြီးချုပ် ကိုယ်စား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး Ms. Lilianne Ploumen က ၀န်ကြီးချုပ် အိမ်တော် Catshuis ၌ နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နေ့လယ်စာ စားပွဲတွင် နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး နှင့်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ms. Lilianne Ploumen နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ သည် မိန့်ခွန်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တို့သည် လက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ 

No comments:

Post a Comment