Friday, September 5, 2014

ဆင်သေချောင်းရေတိုက်စားမှုအား ကွင်းဆင်းစစ်ဆေး




နေပြည်တော် စက်တင်ဘာလ 
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် သြဂုတ်လ (၂၁)ရက်နေ့က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဆင်သေချောင်းရေ ပြင်းထန်စွာစီးဆင်းလာကာ ချောင်းကမ်းပါးမြေပြိုမှု ဆက်တိုက် ဖြစ်ပေါ်ပြီး အန္တရာယ်ရှိနေမှုကြောင့် လူနေအိမ်()လုံးကို အချိန်မီ ဖယ်ရှားနိုင်ခဲ့သည်။ ယနေ့အထိ ဇီးကုန်း ကျေးရွာအုပ်စု၊ ကုလားရွာကျေးရွာအနီးတွင်  ပေ(၁၀၀)ခန့် မြေပြိုမှုများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝင် ဦးဖုန်းဇော်ဟန်နှင့် တာဝန်ရှိ သူများသည် ကုလားရွာကျေးရွာ ဆင်သေချောင်းရေတိုက်စားမှုအား စက်တင်ဘာ()ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ရာ နေပြည်တော်ကောင်စီဝင်က ဆင်သေချောင်းရေသည် နွေရာသီတွင် ချောင်းရေ နည်းပါး၍ အန္တရာယ်မရှိသော်လည်း နှစ်စဉ် မိုးတွင်းကာလ၌ ၎င်းချောင်းရေများပြီး ကမ်းပါးပြို ကျမှုများ ဖြစ်ပေါ် လျက်ရှိသောကြောင့် ရေရှည်ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ချောင်းကမ်းပါးဘေးရှိ နေအိမ်များကို အချိန်မှီ အန္တရာယ်မဖြစ်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား/သူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment