Friday, September 5, 2014

တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြှင့်တင်ရေးနှင့်ဘာသာရပ်ဆွေးနွေးပွဲကျင်းပ




ဟားခါး  စက်တင်ဘာ   
အခြေခံပညာ အထက်တန်းကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်တင် ရေးနှင့် ဘာသာရပ် ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ရက် နံနက် နာရီက ဟားခါးမြို့၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တက်ရောက်အမှာစကား ပြောကြားရာတွင်နိုင်ငံတော် အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊ မိမိတို့ပြည်နယ် အတွင်း ၌လည်း အခြေခံပညာကျောင်းများအတွက် လိုအပ်သည့် ဆရာ/ ဦးရေကို ခန့်အပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများသည် နယ်ကျောင်းများကို စစ်ဆေးကြရာ၌ ဆရာ/ ကျောင်းသား/သူများနှင့် ကျောင်း၏အခြေခံလိုအပ်ချက်များကို အသေးစိတ်စစ်ဆေးသွားကြရန် လိုအပ်ပါကြောင်း၊ မူလတန်းအဆင့် အခြေခံမကောင်းလျှင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မကောင်းသည်ကို ဆရာ/မများ နားလည်သဘောပေါက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ကျောင်းများ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် ဘက်ပေါင်းစုံမှ ပေါင်းစည်းညှိနှိုင်း အဖြေရှာ ဆောင်ရွက်သွားကြရမှာဖြစ်ပါ ကြောင်းဖြင့် အကျယ်တဝင့်လမ်းညွှန်မှာကြားသည်။
 ထို့နောက် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးရွှေကာရ်လျန်က ဆက်လက်ပြောကြားရာ၌ မိမိတို့ ဆရာ/မ များသည် ပညာတတ် စာတတ်ဖြစ်ကြစေကာမူ သင်ကြားမှုနည်းစနစ်မှန်ကန်မှု မရှိပါက ကလေးများ၏ ပညာရေး အောင်မြင်မှုရရှိနိုင်မည် မဟုတ်ပါကြောင်း၊ ဆရာဟူသည် မိမိကောင်းစားရေး မဟုတ်ဘဲ လောကကောင်းစား ရေးကို ဦးတည်ကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ တပည့်ကလေးများ အပေါ် စေတနာထား ကြိုးစားသင်ကြားပေးကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများက မိမိတို့၏ကဏ္ဍ အလိုက် ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment