ဒီးမော့ဆို စက်တင်ဘာ ၁၁
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
ဦးစီးကျင်းပသော မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်
(၂၀၁၄)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီအချိန်က ဒီးမော့ဆိုမြို့နယ်
ပြည်ခိုင်ဖြိုးပါတီရုံး၌ကျင်းပရာ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ဦးလူရယ်ဘိုးလူက
အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး
ကော်မတီဝင်တစ်ဦးက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄)ကျင်းပပြုလုပ်ရခြင်း
ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲကိုကျင်းပရာ အဖွဲ့သုံးဖွဲ့ခွဲ၍ တစ်ဖွဲ့ချင်းအလိုက် စည်းရုံးရေး၊
စွမ်းရည်မြှင့်တင်ရေး၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးကြပြီး
ဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဦးပိုးရယ် ရန်အောင်၊ ဗဟို ကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပြည်နယ်/ခရိုင်ကောမတီဝင်များ၊
မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်၊
ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူး များနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၇၀ တက်ရောက်ကြကြောင်း
သိရသည်။

No comments:
Post a Comment