Thursday, September 4, 2014

နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်လျက်ရှိ


နေပြည်တော်-စက်တင်ဘာ(၄)
မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လူငယ်မျိုးဆက်သစ် အမျိုးသားဘောလုံးအသင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ်(၄)၌
အမျိုးသမီးမျိုးဆက်သစ်ဘောလုံးအသင်းတို့ လေ့ကျင့်နေမှု၊ ဝဏ္ဏသိဒ္ဓိ (B) ရုံ၌ မြန်မာ့လက်ရွေးစင် အမျိုးသားဘော်လီဘောအသင်းနှင့် (ဃ) ရုံ၌ မြန်မာ့လက်ရွေးစင်ကြက်တောင်ရိုက်အားကစားသမားများ လေ့ကျင့်နေမှု၊ ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်း၌ မြန်မာ့လက်ရွေးစင်မြားပစ်အားကစားသမားများ လေ့ကျင့်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေး ဘိုးလင်းအားကစားရုံ၌ မြန်မာ့လက်ရွေးစင်ဘိုးလင်း အားကစားသမားများ လေ့ကျင့်နေမှု၊ ပီတန်းအားကစားရုံ၌ မြန်မာ့လက်ရွေးစင်ပီတန်းအားကစားသမားများ လေ့ကျင့်နေမှု၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးအားကစားရုံ(၁)၌ မျိုးဆက်သစ်ဘော်လီဘော အမျိုးသားနှင့် အမျိုးသမီး အားကစားသမားတို့ လေ့ကျင့်နေမှုနှင့် ပိုက်ကျော်ခြင်းအားကစားရုံ၌ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိဘိလိယက်အားကစားရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝူရှူးအားကစားနည်းအောင်နိုင်ရေး အစည်းအဝေး၌ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။ 

No comments:

Post a Comment