Tuesday, September 30, 2014

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်အားပေး

နေပြည်တော်-စက်တင်ဘာ ၃၀
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC(2)၌ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် အားပေး ကြသည်။









ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံမှ ပေးပို့သည့်သဝဏ်လွှာကို UNDP မှ ဌာနေညှိနှိုင်းရေးမှူး ကိုယ်စား Mr. Edin Elgsaether က ဖတ်ကြားကာ UNWTO အထွေထွေ အတွင်းရေးမှူးချုပ်  Dr. Taleb  Rifal ၏ သတင်းစကားကို ဗီဒီယိုဖြင့် ပြသသည်။
ယင်းနောက် မြန်မာပြည် မုတ်သုံရာသီ ခရီးစဉ်ဒေသနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိ သူများ အား ပြည်ထောင် စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆုများပေးအပ်ချီးမြှင့်ကာ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ အား ပြည်ထောင် စု ဝန်ကြီး ဦးဝင်းထွန်းက ဆုများပေးအပ်ချီးမြှင့်သည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဟိုတယ်များ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုင်းရင်းသားပိုင်) ၏ ဝန်ဆောင်မှု စွမ်းဆောင်ရည် အကောင်းဆုံးဆုများကို ဆုရရှိသူများထံ ပေးအပ်ချီးမြှင့်ပေးပြီး ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ခရီးသွားကုမ္ပဏီများ (ဖက်စပ်/တိုင်းရင်းသားပိုင်)၏ ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ သည် ဆုရဓာတ်ပုံများနှင့် တက္ကသိုလ်၊ ကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲများမှ ဆုရစာစီစာကုံးများနှင့် ခင်းကျင်း ပြသထားသည့် ဓာတ်ပုံမှတ်တမ်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယခုနှစ်အတွက် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်မှာ လူမှုဘ၀တိုးတက်ဖို့၊ ခရီးသွား လုပ်ငန်း မြှင့်တင်စို့ ဟူ၍ဖြစ်သည်။

No comments:

Post a Comment