Tuesday, September 30, 2014

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ထိုင်း-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ရီအား ထိုင်းအထက်လွှတ်တော်ရုံး အတွင်းရေးမှူးချုပ် Mrs. Nararut Pimsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်-စက်တင်ဘာ ၃၀
အမျိုးသားလွတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ ထိုင်း- မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရီအား ထိုင်းအထက်လွှတ်တော်ရုံး အတွင်းရေး မှူးချုပ် Mrs. Nararut Pimsen ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီ အဆောင် အမှတ်(၂၀)ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော်၏ အခန်းကဏ္ဍနှင့် ဥပဒေပြုရေး၊ အမျိုးသားလွှတ်တော်နှင့် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း ထူထောင်မှု ဆိုင်ရာကိစ္စ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော် အတွင်းရေးမှူးရုံးနှင့် မြန်မာနိုင်ငံ အမျိုးသား လွှတ်တော်တို့အကြား ချိတ်ဆက်ဆောင်ရွက်မှုများ၊ မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက် ၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ထိုင်း-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များ၊ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။   

No comments:

Post a Comment