Tuesday, September 30, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်သို့ လာရောက် လေ့လာ သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် - စက်တင်ဘာ ၃၀
ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမှုကို လာရောက် လေ့လာကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့မှ အကြံပေးအရာရှိ ဦးချိန်ကောင်းရှင်း ခေါင်းဆောင်သည့် ကိုးကန့်တိုင်းရင်းသားများအား ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဟော်ရှောက်ချန်း၊ ဦးကျော်နီနိုင်၊ ဦးစိုင်းမြင့်အေးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

No comments:

Post a Comment